အော်တစ်ဇင် မြန်မာ အကြောင်း

မြန်မာ အော်တစ်ဇင် အသင်း(ရန်ကုန်) ဖြစ်ပေါ်လာပုံ သမိုင်းစဉ် မြန်မာနိုင်ငံ အရပ်ရပ်တွင် အော်တစ်ဇင် လက္ခဏာ ရှိသူများ ရှိနေသော်လည်း အတိအကျ စာရင်း ကောက်ယူခြင်း မရှိသေးပါ။

၂၀၀၀ခုနှစ် နောက်ပိုင်းတွင် အော်တစ်ဇင် လက္ခဏာ ရှိသော ကလေးဦးရေ တဖြည်းဖြည်း များပြား လာခဲ့ပါသည်။

အချို့က မူကြိုများနှင့် အစိုးရ ပညာသင်ကြားရေး ကျောင်းများက Mild အဆင့်ရှိသော ကလေး အနည်းစုကို ပညာ သင်ကြားခွင့် ပေးသော်လည်း အများအားဖြင့် ဤလက္ခဏာ ရှိသော ကလေးများကို ကျောင်းများက လက်မခံကြပါ။   ထို့နောက်တွင် အော်တစ်ဇင် မိသားစုများ၏ လိုအပ်ချက်ကို အခြေပြု၍ ရန်ကုန်တိုင်း ဒေသကြီးတွင် အော်တစ်ဇင် ကလေး ၂ဦး၊ ၃ဦး မျှကို လက်ခံ၍ လေ့ကျင့် သင်ကြားပေးသော ပုဂ္ဂလိက သင်ကြားရေး ကျောင်းငယ်များ ပေါ်ပေါက် လာခဲ့ပါသည်။ သို့ရာတွင် အော်တစ်ဇင် ကလေးများတို့၏ အမှန်တကယ် လိုအပ်နေသော သင့်တော်သည့် ဝန်ဆောင်မှုများကို မဆောင်ရွက် နိုင်သေးပါ။ ရန်ကုန်တိုင်း ဒေသကြီး ရှိ အထူး သင်ကြားရေး ကျောင်းများတွင် အော်တစ်ဇင် ကလေးများ အတွက် လိုအပ်နေသော (Special trained teachers / therapists for speech, language,Occupational and behaviour therapists) များသည် မြန်မာနိုင်ငံ၌ အမြဲတစေ နေထိုင်ခြင်း မရှိသောကြောင့်ဖြစ်ပါသည်။ အချို့ တတ်နိုင်သော မိဘက ၎င်းတို့၏ သားသမီးများကို နိုင်ငံရပ်ခြားတွင် အော်တစ်ဇင်နှင့် ပတ်သက်သော ကျွမ်းကျင် ပညာရှင်များနှင့် လေ့ကျင့် သင်ကြား ကုသခြင်း၊ သင်ကြားရေးကျောင်းနှင့် ပြင်ပဆရာ/ဆရာမများက နိုင်ငံရပ်ခြားတွင်   အော်တစ်ဇင်ကလေးများနှင့် ပတ်သက်သော သင်တန်းများ၊ နည်းပညာများ တက်ရောက် ဆည်းပူးလေ့လာခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ကြ   သော်လည်း မိမိ စရိတ်ဖြင့် နည်းပညာများ အပြည့်အ၀ သင်ကြားရန် အခက်အခဲများ ရှိသောကြောင့် ယနေ့တိုင် မြန်မာနိုင်ငံရှိ   အော်တစ်ဇင် လက္ခဏာ ရှိသူများအတွက် ထိရောက်မှု့အပြည့်အ၀ မရရှိသေးပါ။ ရန်ကုန်တိုင်းဒေသကြီးတွင်သာ အော်တစ်ဇင် ကလေးများကို လက်ခံလေ့ကျင့် သင်ကြားပေးသောကျောင်း (၈)ကျောင်းရှိခဲ့သော်လည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးလို မြို့ကြီးများတွင် အော်တစ်ဇင်ကျောင်းများ မရှိသေးပါ။ ထိုအခြေအနေတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Asia Pacific Development Center on Disability   မှဦးစီး ကျင်းပ သော 1st ASEAN  Autism  Workshop  and  Congress (၁၃.၁၂.၂၀၁၀) မှ   (၁၇.၁၂.၂၀၁၀) ကို တက်ရောက်ရန် အာဆီယံ နိုင်ငံအသီးသီးရှိ အော်တစ်ဇင် အသင်းများမှ မိဘများကို တစ်နိုင်ငံ (၃) ဦးစီးဖိတ်ကြား  ခဲ့ပါသည်။     ယင်းအစည်းအဝေးကို တက်ရောက်ရန်  မြန်မာနိုင်ငံတွင်အော်တစ်ဇင်အသင်း မရှိသေး၍ Family Support Network  (ဉာဏ်ရည် မမီသူများ၏ မိဘများ စုပေါင်း ဖွဲ့စည်းထားသော အသင်း) မှ ဥက္ကဌ ဦးကျော်ထွဋ်၏ ဆက်သွယ်မှုဖြင့် ဦးကျော်ထွဋ်နှင့် အတူ ဦးနေထွန်း နှင့် ဒေါ်စန်းစန်းမြင့်တို့သည် မြန်မာနိုင်ငံအော်တစ်ဇင် ရှိနေသူများ ကိုယ်စားပြု/အော်တစ်ဇင် ကလေးမိဘ အနေဖြင့်သာ ပါဝင်ခဲ့ရခြင်း ဖြစ်ပါသည်။ (စင်္ကာပူနိုင်ငံမှာ ယင်း အစည်းအဝေးသို့ မတက်ရောက်ခဲ့ပါ။) ASEAN Autism Workshop and Congressသို့တက်ရောက်ကြသော အာဆီယံနိုင်ငံ အသီးသီးတွင် အော်တစ်ဇင် အသင်းများ ဖွဲ့စည်း ထားပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်  အော်တစ်ဇင် အသင်း ဖွဲ့စည်းထား ခြင်း မရှိသေးပါ။ အာဆီယံနိုင်ငံ အသီးသီးမှ   အော်တစ်ဇင် အသင်းများ ပူးပေါင်းဆောင်ရွက်ရန် ASEAN Autism Network (AAN) ကို အာဆီယံ တစ်နိုင်ငံလျှင် ရှိကြသော အသင်းများထဲမှ တစ်နိုင်ငံလျှင်(၃)ဦးစီရွေးချယ်၍ စုစုပေါင်း(၉)နိုင်ငံကိုယ်စားပြု (၂၇)ဦးဖြင့် (၁၅.၁၂.၂၀၁၀)နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ထိုအစည်းအဝေးတွင် အော်တစ်ဇင် နည်းပညာများ ဖွံ့ဖြိုးနေသော နိုင်ငံများမှ နည်းပညာမဖွံ့ဖြိုးသေး / အားနည်းနေသောနိုင်ငံများ (မြန်မာနိုင်ငံ အပါအဝင်)ကို ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးရန် သဘောတူ ဆုံးဖြတ် ခဲ့ပါသည်။ အာဆီယံနိုင်ငံများတွင် လက်ရှိ နည်းပညာဖွံ့ဖြိုး   နေသော နိုင်ငံ ကိုယ်စားပြု အော်တစ်ဇင် အသင်းများက အော်တစ်ဇင် ရှိနေသူများအား လေ့ကျင့်သင်ကြားပေးမှု့ကို ဗီဒီယို များဖြင့်ပြသခဲ့ပါ သည်။ ထို့ပြင် ထိုင်းနိုင်ငံရှိ Mahannaparam School , A Mainstream School  နှင့် Bangkok Autism Vocational Center  ကိုလည်း လေ့လာခဲ့ရပါသည်။

မြန်မာနိုင်ငံတွင် (အထူးသဖြင့်) ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးနေသော အထူးသင်ကြားရေး ကျောင်းများမှာ အော်တစ်ဇင်နှင့် ပတ်သက်သော လက်တွေ့နည်းပညာများ၊
သင်ထောက်ကူပစ္စည်းများ အလွန်အားနည်းနေသေးသည်။ အော်တစ်ဇင်ရှိနေသူ (၁၂)နှစ်အောက် ကလေးများအတွက် အထူးသင်ကြားရေးကျောင်းများသာရှိပြီး အရွယ်ရောက်သောသူများအတွက် ၎င်းတို့၏ဘဝတွင် အမှီခိုကင်းစွာ ရပ်တည်နေထိုင်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် ဘဝတွင်ရပ်တည်နိုင်ရေး၊  နိုင်ငံတော် /ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် သင်ကြားပေးနိုင်သည့်Vocational Training Center မရှိသေးပါ။ ကလေးများလေ့ကျင့်သင်ကြား ပေးရာတွင်လည်း နည်းပညာများကို များသောအားဖြင့် စာတွေ့သာလေ့လာခွင့်ရရှိခဲ့သော ဆရာ၊ ဆရာမများ ပို၍ များပြားပါသည်။

လူနည်းစု အော်တစ်ဇင်မိဘများ အနေဖြင့်၎င်းတို့၏ ကလေးများကို နည်းပညာဖွံ့ဖြိုးသော ပြည်ပနိုင်ငံ များတွင် သင်ကြားပေးနိုင် ကြသော်လည်း ကျန်သောအော်တစ်ဇင်ရှိနေသူများနှင့် မိသားစု အများစုမှာ ၎င်းတို့၏ ဘ၀ လမ်းခရီးတွင် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့ဖြတ်သန်းနေရပါသည်။အစည်းအဝေးသွားရောက် တက်ခဲ့သော မိဘ(၂)ဦးလည်း အပါအဝင် ဖြစ်ပါသည်။ ထိုအစည်းအဝေးမှ   ပြန်ရောက်လာသော မိဘ(၂)ဦးတို့သည် သက်ဆိုင်ရာ အော်တစ်ဇင် အထူး သင်ကြားရေး ကျောင်းများမှ ဆရာကြီး၊ဆရာမကြီးများ၏ အကူအညီများမှ တဆင့် အော်တစ်ဇင် အထူး သင်ကြားရေးကျောင်းများတွင် အစည်းအဝေး အတွေ့အကြုံများ ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံ   တွင်အော်တစ်ဇင် ရှိနေသူများ၊  အော်တစ်ဇင် မိဘ / မိသားစုများ အတွက် နည်းပညာ များစွာ လိုအပ်နေသေးကြောင်းကို အတွေ့ အကြုံနှင့်နှိုင်းယှဉ် ရှင်းလင်း တင်ပြပြီး မြန်မာနိုင်ငံတွင် အော်တစ်ဇင်ရှိနေသူ မိသားစုများ အားလုံးကို ကူညီပံ့ပိုးနိုင်ရန်၊ ပြည်ပမှ နည်းပညာများ ပံ့ပိုးမှုများ အပြည့်အ၀ ရရှိစေရန် အတွက် အော်တစ်ဇင် အသင်းဖွဲ့စည်းရန် အထူးလိုအပ်နေကြောင်း နှင့် အသင်း ဖွဲ့လိုသည့် ဆန္ဒကို အော်တစ်ဇင် မိဘ/မိသားစုများအား တင်ပြခဲ့ကြပါသည်။

(၂၇.၂.၂၀၁၁)နေ.တွင် မသန်စွမ်းသက်ငယ် သင်တန်းကျောင်း (လူမှုဝန်ထမ်းဦးစီးဌာန) ကျိုက်ဝိုင်း၊ မရမ်းကုန်းမြို.နယ်တွင် ရန်ကုန် တိုင်းဒေသကြီးရှိ အထူးသင်ကြားရေးကျောင်းများနှင့် ပြင်ပရှိအော်တစ်ဇင်ကလေး  မိဘများ နှင့်တွေ.ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် မိဘများ အားလုံးထံမှ အော်တစ်ဇင်အသင်းဖွဲ.ရန် သဘောတူညီချက်ကိုရရှိခဲ့ပြီး ယင်းဆွေးနွေးပွဲတွင်ပင် အသင်းဖွဲ.စည်းရန် အတွက် အသင်း ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီကို အဖွဲ.ဝင်(၂၄)ဦးဖြင့် ဖွဲ.စည်းခဲ့ပါသည်။

(၁.၃.၂၀၁၁) နှင့် (၂.၃.၂၀၁၁) နေ.များတွင် Myanmar Info-Tech၌ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်း အသင်းကြီး(MPHA)  နှင့် Family Support Network (FSN)မှ ပူးပေါင်းကျင်းပသော   Workshop on CBR for Children with Special Needs (2011)တွင် အော်တစ်ဇင် အသင်း ဖြစ်မြောက်ရေး ကော်မတီမှ ဦးနေထွန်းက လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှုးချုပ်နှင့် အရာရှိကြီးများ၊ ဆရာဝန်ကြီးများအား နိုင်ငံတော်မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် အညီအော်တစ်ဇင် အသင်းဖွဲ.စည်း ခွင့်ပြုပါရန် ခွင့်တောင်းခဲ့ပါသည်။ (၆.၃.၂၀၁၁) နေ.တွင် အသင်းဖွဲ.စည်းပုံအခြေခံ စည်းမျဉ်းကို အသင်းဖြစ်မြောက်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်ကြသော အော်တစ်ဇင် မိဘ/အုပ်ထိန်းသူများ အားလုံး၏ ရင်တွင်း ခံစားချက်များကို အခြေခံ၍ စတင် ရေးဆွဲပါသည်။အသင်းကို မြန်မာအော်တစ်ဇင် အသင်း(ရန်ကုန်)ဟု သတ်မှတ်ခဲ့ပါသည်။

(၂.၄.၂၀၁၁) နေ.တွင် ကျရောက်သော (World Autism Awareness Day) အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမ အကြိမ်အဖြစ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်မှုနှင့် အတူ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းကြီး၏ ကူညီ ပံ့ပိုးမှုဖြင့် မြန် မာနိုင်ငံအော်တစ်ဇင် အသင်း ဖြစ်မြောက်ရေး လုပ်ငန်း ကော်မတီမှ ရန်ကုန်တိုင်း ဒေသကြီးရှိ ကန်တော်ကြီး ပန်းခြံတွင် အခမ်းအနား ကျင်းပ ခဲ့ပါသည်။ အများဆုံး ခန့်မှန်းဦးရေ(၁၀၀) ဦးလောက်သာ တက်ရောက်နိုင်မည်ဟု ယူဆ ထားသော်လည်း၊  အော်တစ်ဇင်ရှိနေသူများနှင့် မိဘများ စုစုပေါင်း(၆၀၀)ဦးကျော် တက်ရောက် ဆင်နွှဲခဲ့ကြပါသည်။ အသင်း ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းကို (၁၆.၆.၂၀၁၁) နေ့တွင် အပြီးသတ် ရေးဆွဲ အတည် ပြုနိုင်ခဲ့ပြီး မြန်မာအော်တစ်ဇင် အသင်း(ရန်ကုန်)ကို ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းဖြင့် ဖွဲ.စည်းကာစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

မြန်မာအော်တစ်ဇင်အသင်း(ရန်ကုန်)