Save the Children မှ ဦးဆောင်လှုပ်ရှားလျှက်ရှိသော မသန်စွမ်းကလေးသူငယ်များ ပညာသင်ယူခွင့်မြှင့်တင်ရေးအတွက် အရေးဆိုတင်ပြသော လုပ်ငန်းအဖွဲ့တွင် မြန်မာအော်တစ်ဇင် အသင်းမှ အလုပ်အမှုဆောင် နှစ်ဦး ပူးပေါင်းပါဝင်လုပ်ဆောင်လျက် ရှိပါသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် UNICEF (မြန်မာ) တို့ ဦးစီးလုပ်ဆောင်နေသော မသန်စွမ်းအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းမှတ်ပုံတင်ခြင်းကနဦးစီမံကိန်းတွင် နည်းပညာပိုင်း ဆိုင်ရာ အထောက်အကူအတွက် အဓိကနည်းပညာအဖွဲ့ (Technical Core Group) တွင် မြန်မာအော်တစ်ဇင်အသင်းမှ အလုပ်အမှုဆောင် တစ်ဦး ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။